Wednesday, July 2, 2014

သုံးခါဖောရင် ရှောတယ် ဖထီး


နည်းနည်းတော့များသွားပြီဖထီး



'နဂလေးခလာ'ဘယ်သွားမလို့လဲ၊ ပကန့်အာမင်း ထမင်းစားပြီးပြီလား 'နန့်အာမင်း မနက်လာ' ဘာဟင်းနဲ့စားသလဲ၊ အဲဒီလောက်နဲ့ တင်ပြီးရမယ့်ကိစ္စ ဖထီးကဖောတာများပြီး နသားပါယား နင့်ကိုငါ ချစ်တယ်သွားလုပ်တော့ နဂိုကမှ ငိုချင်ရက်လက်တို့ ကြံ့ဖွံ့သမ္မ တကြီးကို နောက်ငါးနှစ် သမ္မတ ထပ်လုပ်ပါအုံး ဆိုတော့ နည်းနည်းတော့များသွားပြီ ဖ ထီး၊ ဖထီးတို့ ကားပါမစ်တွေလူစုံအောင် မရသေးဘူးနဲ့တူတယ်။ သစ်ရောင်းပြီးကားဝယ် စီးလည်းဖြစ်တာဘဲဥစ္စာ ဖထီးရာ ဘာလဲနယ်စပ်မှာ သစ်ခုတ်စရာမရှိတော့လို့လား ဒါမှ မဟုတ် သစ်ခုတ်တဲ့သူတွေ ဘွဲ့ထူးဂုဏ်ထူးပေးတာ ဖထီးမရသေးလို့ သမ္မတကြီးကို EXTENSION ပေးဖို့ လုပ်နေတာလား။

သမ္မတကြီးနှလုံးသားက ရိုးရိုးနှလုံးမဟုတ်ဘူး၊ စက်နှစ်လုံးတပ်ထားလို့ကို နှလုံးလို့ခေါ်တာဖထီးရ ကျန်းမာရေးကသိပ်ကောင်းတာ မဟုတ်ဘူး၊ သမ္မတအလုပ်က ဖထီးလဲသိတဲ့အတိုင်းဘဲ သိပ်အလုပ်များတာ၊ တစ်လတစ်ကြိမ်မိဘပြည်သူများခင်ဗျာ လုပ်ရတာ၊တော် ရုံလူမလုပ်နိုင်ဘူး၊ အသက်ကလည်းကြီးအားအင်တွေကလည်း ကုန်ခမ်းအိုမင်းမစွမ်းဖြစ်လာတော့ ခမျာနားချင်ရှာမှာပေါ့။ သမ္မတလုပ် နေရတော့ ဖထီးတို့လိုတောထဲမှာ ကာလူးလည်းမစွဲနိုင်ဘူး၊ ဖထီး သေသေချာချာမလေ့လာလို့ပါ၊ အခုနောက်ပိုင်း သမ္မတကြီးက စိတ်သွားတိုင်းကိုယ်မပါတော့ဘူး၊ လူစွမ်းအားကို အားမကိုးနိုင်တော့လို့ နှလုံးကိုတောင် စက်နဲ့လည်ပတ်နေရတာ၊ သမ္မတကြီးက နောက်ဆို ဘာလုပ်လုပ်စက်ပဲအားကိုးတော့မှာ သမီးကလေးကျေးရွာမှာ ကျူးကျော်ဖျက်တာတောင် လက်နဲ့ဆွဲမဖျက်တော့ဘဲ ဘူဒိုဇာနဲ့ ဖျက်တာကိုသာ ကြည့်ပေါ့ဖထီးရာ။ ဖထီးကလွှတ်ရိုးတာပဲ။

ဖထီးပြောလိုက်တဲ့စကားက လွှတ်တော် ဥက္ကဋ္ဌကြီး နားရွက်ကိုတံတွေးဆွတ်လိုက်သလိုဘဲ၊ နဂိုကမှ ဒီမိုကရေစီခေါင်းဆောင်ကို ဟန်ပြခင်မင်တဲ့ အမှုနဲ့ ကြံ့ဖွံ့ပါတီကမျက်မုန်းကျိုးနေတဲ့ဥစ္စာ ဖထီးလုပ်လိုက်မှ ပါတီတွင်းတိုက်ပွဲတွေပိုပြင်းထန်လာပါဦးမယ်။ ကြံ့ဖွံ့ ပါတီမှာပဲ ဥက္ကဋ္ဌအဟောင်းကော အသစ်ကော သမ္မတရာထူးက တစ်ပြားမှမလျော့နိုင်ပါဘူးဖြစ်နေတာ၊ အရန်ခုံမှာထိုင်နေရတဲ့ ကျွန်တော်တို့အန်တီစု မျက်နှာကိုလည်းကြည့်ပါဦး ဖထီးရာ၊ ဖထီးကလည်း ကိုယ်သမ္မတမဖြစ်နိုင်မှန်း ကျိန်းသေသိတာနဲ့ အဲဒီလို ဘေးက နားကျပ်ပေးလိုက်တာ မကောင်းပါဘူး၊ ဖထီးကျပ်ပေးတာ ကိစ္စမရှိဘူး၊ အစိုးရဝန်ထမ်းတွေက ရှေ့ဂျွန်းနောက်ဂျွန်းတွေပစ်ပြီး ထခုန်နေကြပြီ၊ သမ္မတသုံးနှစ်သက်တမ်းမှာ သုံးသိန်းခိုးခွင့်ပေးလို့ ကျေးဇူးတွေတင်နေတာ၊ ငါး နှစ်နှစ်ကြိမ်ဆိုရင် ဝန်ထမ်းတစ်ယောက် ဆယ်ပုံးခိုးလို့ရပြီဆိုပြီး ပျော်လွန်းလို့ လက်ခုပ်တွေတီးနေကြပြီ ဖထီးရေ။

ထွက်ပြီးသားဆင်စွယ်ပြန်မဝင်ဘူးတဲ့၊ ထွေးပြီးသားတံတွေး ပြန်မမျိုဘူးတဲ့ မင်းမှာသစ္စာ လူမှာကတိတဲ့၊ ကတိမတည်ရင် လူမ ဟုတ်သလိုဖြစ်သွားမယ် ဖထီးရ၊ သမ္မတကြီးက နောက်မလုပ်တော့ပါဘူးလို့ ပြောထားရက်သားနဲ့ ဖထီးကအသားကုန်ရိုက်နေတယ်။ ရိုက်နေတယ်ဆိုတာ ခွင်ရိုက်နေတာကိုပြောတာ ဖထီး၊ ဖထီးဟလိုက်တာနဲ့ ကျွန်တော်တို့က သိနေတယ်နော်၊တစ်ခုခုတော့ တစ်ခုခုဘဲ ဖထီးတို့အဖွဲ့မြေမျိုမှာလား၊ ကားကြိတ်မှာလားသာမသိရတာ၊ ကားကြိတ်မိလို့ မြေမျိုသွားရင်လဲကောင်းတာပါဘဲ ဖထီးရာ။ ကျွန်တော် ကတော့ စောကြာဒိုးတို့ စောစံဖိုးသင်တို့ ဗိုလ်မြကြီးတို့ကို မျက်နှာပူတာတစ်ခုပါဘဲ၊ ခြင်္သေ့တွေကိုယ်တိုင်က မြက်စားပြနေတော့ ဖထီး တို့လဲဘယ်ခံနိုင်မှာလဲနော်။

ကရင်တပ်မတော်တည်ဆောက်သူတွေရဲ့ ဆုံးမစကားတွေမမေ့သင့်ဘူး ဖထီးရေ။ သောင်ရင်းမြစ်ကမ်းမှာ ကားဒီးလက်စီးပြီး ဖူးခတ်ဆိပ်ကမ်းက ဇိမ်ခံရွက်လှေပေါ်မှာ ကရင်တော်လှန်ရေးအကြောင်း ဆွေးနွေးဖို့ကြိုးစားနေတယ်ဆိုရင်တော့ ကရင်တော်လှန် ရေးဟာ ယနေ့မှစ၍ နှစ်တစ်ရာတိုင် သီချင်းစာသားလိုဖြစ်သွားမယ်ဖထီး။ ဖထီးတို့ကသာ ကရင်တပ်မတော်ခေါင်းဆောင်တွေ စကားနားမထောင်တာပါ အခုဖထီးတို့ကို ကားပါမစ်ချပေးတာဘယ်သူထင်လို့လဲ၊ ဖထီးတို့ကိုမစို့မပို့အခွင့်အရေးတွေ ဘယ်သူက ပေးခိုင်းတယ်ထင်သလဲ၊ သမ္မတကြီးကတကယ်ပဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်နေတယ်လို့ ထင်လို့လား။ ဖထီးကလဲတောထဲမှာ နေ တာကြာတော့ စိမ်းစိမ်းမြင်တိုင်း ချုံပုတ်မှတ်နေတာ၊ မြင်မြင်သမျှချုံပုတ်မဟုတ်ဘူး။ အစိမ်းရောင်ပြောက်ကျားဝတ်စုံဝတ်ပြီး ချုံခိုတိုက် ခိုက်ဖို့ (IN BUSH)လုပ်ဖို့ ကြိုးစားနေတာ ကြံ့ဖွံ့တွေက မိုက်ချက်ကတော့ ကမ်းကုန်ပဲ ဖထီးတို့ကလဲ ရိုးချက်ကတော့ ကမ်းကုန်ပဲ၊ ဘယ်နှစ်ပတ်လှည့်လှည့် မူးမယ့်ပုံလဲမပေါ်ဘူး။ ဖထီးရေ သတိထား၊ သတိထားKNU ဘယ်နှစ်ဖွဲ့ရှိလဲ၊နောက်ဆိုရင် ဘိုးဘိုးအောင် မသလိုKNU ဆယ်ဖွဲ့ အဖွဲ့နှစ်ဆယ်ဖြစ်သွားလိမ့်မယ်။

ဖထီးတို့ သံမဏိတော်လှန်ရေးသမားကြီးတွေ Óဏ်မရှိရင်တော့ခံစားသွားရမယ်၊ဖထီး ဒီနေ့ပြောတဲ့စကား၊ မနက်ဖြန် သတင်းစာ မှာပါလာတာကိုသာ ကြည့်တော့၊ ကာချုပ်က ဒီသမ္မတကိုပဲ ပြန်တင်ဖို့လုပ်နေချိန်မှာ ဖထီးက မနေတတ်မထိုင်တတ် ဓားခုတ်ရာလက် ဝင်လျှိုတယ်။ အခုတော့ ဖထီးစကားဖြစ်သွားပြီ ဒီစကားကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေကလဲ ဖထီးကို ငြိုငြင်ကြအုံးမှာ ဖထီး ထက် ပညာတွေအများကြီးတတ်တဲ့ လူထုခေါင်းဆောင်ကိုတောင် ဆယ်ပတ်လောက်လှည့်ပစ်လိုက်တာ၊ နေအေး လိမ်တာလောက်တော့ သနားတယ် ဖထီး၊ ဖထီးလို ခေါင်းမှာဘာမှမရှိအောင် ခေါင်းတုံးတုံးထားတဲ့ ခေါင်းမျိုးလောက်တော့ အသာလေးလှိမ့်ပစ်မှာမြင်ယောင် မိသေးတယ်။

နိုင်ငံရေးသမားဆိုတာ စကားကိုဆင်ဆင်ခြင်ခြင်ပြောရတယ် ဖထီး ကျနော်တို့ ပြည်သူအားလုံး'မိဘပြည်သူများ ခင်ဗျာ'ကြီးကို စိတ်ကုန်စပြုနေချိန်မှာ ဖထီးက သခွပ်ပင်ကမီးတကျည်။ သူ့ဘေးနားမှာ ဖထီးတို့စကားမှားမှာကို ထိုင်စောင့်နေတဲ့ MR.FACEBOOKက ရှိနေတာ ဖထီးက မသိဘူး။ ဖထီးတောင် ဟိုတယ်ပြန်မရောက်သေးဘူး။ ဖထီး စကားကအင်တာနက်မှာ ပျံ့သွားပြီသတိထား ဖထီး တို့အဖွဲ့ တန်းဆင်းဇုန်ထဲ ရောက်သွားမယ်။ ဖထီးတို့က သမ္မတကြီးအကြောင်းမသိပေမယ့် ဖထီးအကြောင်း သမ္မတကြီးက သိနေ တယ်။ အကြောင်းသိလို့လဲ သမ္မတအိမ်တော်နဲ့ နိုင်ငံတော်ဧည့်ဂေဟာတွေ နန်းတော်ကြီးဆယ်လုံးလောက်ဆောက်ထားပြီးမှ ဘာမ ဟုတ်တဲ့ လယ်တဲအိမ်မှာတွေ့တယ်ဆိုတော့ သဘောပေါက်၊ ဖထီးသဘောပေါက် သဘောမပေါက်ရင် ကျောပေါက်တတ်တယ်။

အဲဒီလယ်တဲအိမ်ဆိုတာက လယ်ဆည်ဝန်ကြီးက သမ္မတကြီးကိုခေါ်ခေါ်ပြီး လီဆယ်နေတဲ့နေရာ၊ အဲဒီအိမ်သေးသေးလေးမှာ လက်ခံတွေ့တယ်ဆိုတာ ကျေးလက်အငွေ့အသက်ကိုခံစားရင်း စကားပြောချင်လို့ ထင်ရင်မှားသွားမယ်။ ဧည့်ခန်းကိုမခေါ်ဘဲ ခွေး ကတက်မှာ ဧည့်ခံတာ ဘာအထာလဲဆိုတာ စဉ်းစားကြည့်ပေါ။ အိမ်ဦးခန်းမှာ ဘယ်လိုလူတွေကို ဧည့်ခံသလဲဆိုတာ တီဗွီဖွင့်ကြည့် လိုက်ရင်သိမှာပါ ဖထီးရာ နောက်သမ္မတ ငါးနှစ်သက်တမ်းဆိုရင် ဖထီး နွားတင်းကုပ်မှာ သွားတွေ့ရမယ်။ အရပ်ထဲက ဗိန္ဓောဆရာပြော ဖူးတာကတော့ သုံးခါဖောရင်ရှောတတ်တယ်တဲ့၊ သမ္မတကြီးနဲ့တွေ့ရင် ဖောရှောလုပ်တာတွေလျော့ပါ ဖထီးရာ ကရင်လူမျိုးတွေ အကျိုး ရှိမယ့်ကိစ္စကိုပဲ ပြောစေချင်တယ်။

နောက်သမ္မတကို ကျနော်တို့လဲတင်လို့ မရဘူး။ ဖထီးတို့လဲ တင်လို့မရဘူး။ ကြံ့ဖွံ့ပါတီကလည်းတင်ချင်တိုင်းတင်လို့မရဘူး။ ဇာတ် ရှုပ်စီးတဲ့ တပ်ချုပ်ကြီးတင်မှဖြစ်မယ်ဆိုတာ ဖထီးမသိလေရော့သလား။ ဖထီးရယ်၊ ခိုးတိုင်းကောင်းပေမယ့် ရိုးတိုင်းမကောင်းဘူး ဖထီး၊ လူရိုးဆိုတာ သင်္ချိုင်းမှာပဲရှိတယ်ကြားဖူးထားတာ။ အခုတော့ ဖထီးတို့က အဖေရိုး၊ အမေရိုး၊ နှမရိုး၊ တစ်မိသားစုလုံး ရိုးလိုက်ကြတာ ကမ်းကို ကုန်ပါရောလား။ ဒါကြောင့် ပြောကြတာ ''ကရင်တွေ သိပ်ရိုးတယ်''လို့ ...

ရိုးဂုဏ်ကို ထိန်းထားနိုင်ပါစေ ဖထီး............

ဖထီးရဲ့ ဖိုးခွား
အရမ်းသန်းညွန့်

ပြည်သူ့ဆန္ဒ္ဒဂျာနယ်အတွဲ(၂)အမှတ်စဉ်(၁၃)

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်