Thursday, March 27, 2014

သစ်ခိုးထုတ်လာရတဲ့ အကြောင်းရင်းတွေ…

မြန်မာနိုင်ငံက သစ်ထုတ်လုပ်မှုဟာ မြန်မာအစိုးရ ရဲ့ နှစ်စဉ် ပညာရေး နဲ့ ကျန်းမာရေး ဘက်ဂျက်ထက် ၄ ဆ ပိုများတယ်။ လို့ ဆိုပါတယ်။

ဘာဖြစ်လို့ ဒီလို ခိုးထုတ်လာရသလဲ ဆိုတော့ ကျနော် ဥပမာ တခုပဲ တင်ပြပါမယ်။

မြစ်ကြီးနားက သူငယ်ချင်း တစ်ယောက်က သစ်အချောထည်၊ ပရိဘောဂ လုပ်ငန်းလုပ်ချင်တယ်။ မြစ်ကြီးနားမှာတော့ စက်ရုံအဆင့် ဆိုပါတော့။ ကုန်ကြမ်းကတော့ ဟူးကောင်း ဂျိုင့်ဝှမ်းဒေသ က ပါ။ နှစ်စဉ် ရွှေတူးလို့ ဒီတိုင်း အလဟတ ခုတ်လှဲလိုက်တဲ့ သစ်တွေကို နှမျောတာက တကြောင်း၊ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလှမ်း ရပါစေ ဆိုပြီး ရည်ရွယ်လုပ်တာပါ။ သိန်းထောင်ချီ အကုန်ခံပြီး လုပ်တယ်။ မြို့ နဲ့ နဲနဲ ဝေးတဲ့ နေရာ ထိ ကေဗယ်လိုင်း ကိုယ့်စရိတ် နဲ့ ကိုယ်ဆွဲတယ်၊ ထရန်စဖါမာ ကအစ ကိုယ့် ကိုယ်ပိုင် တပ်တယ်။ သိန်း ရာကြီး ကုန်တယ်။ ပိုက်ဆံ ကုန်တာ အကုန်တွက်လို့ ရတယ်။ ပိုက်ဆံ ရှိရင် အချိန်အတိုင်းအတာ တခုမှာ ပြီးနိုင်တယ်၊ ဒီအထိ ပြဿနာ မဟုတ်ဘူး ဆိုပါတော့။

ပြဿနာက ပါမစ် ကိစ္စ ပါ။

Wednesday, March 26, 2014

စနစ် ရဲ့သားကောင် ဖြစ်ရတဲ့ ညီလေး…


ညီလေး နဲ့ တခါ စကား ပြောဖြစ်ပါတယ်….

သူ့ အပြော.. သူ့ဟန်ပန် အမူအရာတွေက အင်မတန် တက်ကြွနေတဲ့ နိုင်ငံ့သားကောင်း တစ်ယောက်ပုံစံပါ။

ရိုးရှင်းစွာ ခံယူထားတဲ့ သူ့ မျိုးချစ်စိတ်ကိုလဲ မလေးစားပဲ မနေနိုင်တာ အမှန်ပါပဲ။

ဒါပေမယ့် ညီလေးမှာ ဖတ်စရာ စာပေ ကောင်းကောင်း မရှိတာတော့ သေချာတယ်… နှစ် ၅၀ လုံးလုံး စာပေစိစစ်ရေး ဆိုတဲ့ ဂိတ်ကနေ ဘယ်လိုမှ မထွက်နိုင်တဲ့ နိုင်ငံရေး အတွေးအမြင် စာပေ ကောင်း တွေဟာ ညီလေး အပါအ၀င် မြန်မာ လူထု အထဲကို မရောက်လာတာ နှစ်တွေ မနဲတော့ဘူးလေ… 

လန်ဒန်မှာ လူဖြူတွေ လူနည်းစု ဖြစ်လာ


၂၀၁၁ ခုနှစ် သန်းခေါင် စာရင်း စစ်တမ်း အရ ဗြိတိန်နိုင်ငံ လန်ဒန် မြို့မှာ အင်္ဂလိပ် လူမျိုး လူဖြူ တွေက စုစုပေါင်း လူဦးရေ ရဲ့ ၄၅ % သာရှိပြီး လူနည်းစု ဖြစ်လာရကြောင်း သိရပါတယ်။

အဲဒီ အကြောင်းအရာ နဲ့ ပတ်သက်ပြီး နိုင်ငံရေး ခေါင်းဆောင်များပါဝင်တဲ့ တီဗီ တိုက်ရိုက် ထုတ်လွင့်မှု မှာ ပြောကြဆိုကြတဲ့ အထဲမှာ လူဖြူ လူငယ် တစ်ယောက်က အဲဒီလို ဖြစ်လာရတာဟာ ကောင်းသလား၊ ဆိုးသလား? ဆိုတဲ့ မေးခွန်း မေးခဲ့ပါတယ်။ 

ပြန်ဖြေတဲ့ လူဖြူ နိုင်ငံရေး ခေါင်းဆောင် တစ်ယောက် ပြောသွားတာဟာ အင်မတန် လေးစားစရာ ကောင်းပါတယ်။ သူပြောသွားတဲ့ အထဲမှ တချို့ ရေးပြပါမယ်။

ဟုတ်ကဲ့.. ဒီ အကြောင်းအရာ နဲ့ ပတ်သက်ပြီး ကျနော် လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ကျနော့ ပါတီအစည်းအဝေး မှာ ပြောဖူးပါတယ်။ ကျနော်တို့ဆီမှာ လူဖြူ မဟုတ်တဲ့ လူတွေ မွေးဖွါးနှုန်းမြန်တယ်၊ ဒီနိုင်ငံမှာ မွေးလာတဲ့လူတွေ များလာတယ်၊ ဟုတ်ပြီ၊ ကျနော်တို့ ဘယ်သူမှ သမိုင်းကို နောက်ပြန်ရစ်လို့ မရဘူး။ ဒီတော့ ဒီနိုင်ငံမှာ မွေး၊ ဒီနိုင်ငံမှာ ဥပဒေ အရ တရားဝင် ကြီးပြင်းလာတဲ့ မည်သည့် လူမျိုး၊ အသားအရောင်မဆို ဒီနိုင်ငံရဲ့ ဥပဒေ ချိုးဖေါက်မှုမျိုး မလုပ်ဘူး ဆိုရင် နိုင်ငံ့ ကောင်းကျိုးအတွက် အကောင်းဆုံး ဖြစ်အောင် တည်ဆောက်ယူရမယ်။ အားလုံးကို တန်းတူ အခွင့်အရေး နဲ့ ကြိုးစား ရပ်တည်ခွင့် ပေးရမယ်။ ဒါမှလဲ ဒီနိုင်ငံလဲ တိုးတက်လာမှာ ဖြစ်တယ်။ လို့ ဆိုပါတယ်။

သူတို့ ဆီမှာ ဒီလို အမျော်အမြင်ကြီးတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ရှိနေလို့လဲ ဒီလို ဘ၀မျိုး ပိုင်ဆိုင်နိုင်တာ မဆန်းပါ။

ဗီဒီယို သတင်း ကြည့်လိုသူများအတွက် လင့်

https://www.facebook.com/photo.php?v=609529589139884

သန်းခေါင် စာရင်း ကိစ္စ ပြောကြဆိုကြ

အခုတလော သန်းခေါင် စာရင်း က သိပ် ကို အလောတကြီး ဖြစ်နေပုံ ရပါတယ်။

(၁) အလှူရှင်နိုင်ငံများ ဆိုတဲ့ နေရာမှာ ကမ္ဘာဘဏ် အဖွဲ့သားတွေက မြန်မာပြည်မှာ ဈေးကွက်စီးပွါးရေး အတွက် ရင်းနှီးမြုပ်နှံဖို့ ဒေတာ လိုအပ်နေတာ အမှန် ဖြစ်တယ်။

(၂) ဗမာ အစိုးရ ကတော့ ရတဲ့ အခွင့်အရေး ကို ထိထိမိမိ ဗမာ အတွက် အကျိုးရှိရှိ အသုံးချတယ်။ အဲဒီလို နေရာမှာ ဗမာ အုပ်စု အားလုံး ညီသွားတယ်။ ဒေါ်အောင်ဆန်းစုကြည် က အစ၊ ရုပ်ရှင်အဖွဲ့သားများ အဆုံး လက်တွဲညီသွားတယ်။

(၃) DVB အထူးအစီအစဉ်မှာ ပြောကြဆိုကြတဲ့ အထဲမှာ နားထောင်ရင် သိနိုင်ပါတယ်။

Sunday, March 23, 2014

ငြိမ်းချမ်းရေး ကို အဓိပ္ဗါယ်ဖွင့်ဆိုခြင်း။

ငြိမ်းချမ်းရေး ဆိုတာ
လူတစ်ယောက်ချင်းရဲ့ ဘ၀ လုံခြုံရေး ဖြစ်တယ်၊ တဲ့။ အပစ်အခတ်ရပ်ယုံကို ပြောတာ မဟုတ်။

ဒီတော့ လူတစ်ဦး တစ်ယောက်ချင်းရဲ့ ဘ၀ လုံခြုံရေး ကို ငြိမ်းချမ်းရေး ဆိုရင် အခု ဘာ အပစ်အခတ်မှ ရပ် စရာ မလိုတဲ့ (အပစ်အခတ်မရှိတဲ့) အောက်မြန်မာပြည်သား အားလုံး တကယ် ငြိမ်းချမ်းပြီလား၊ ဆိုတဲ့ အချက် ကို စဉ်းစားရမယ်။ ကျန်တိုင်းရင်းသားတွေကတော့ ထားပါ၊ အပစ်အခတ်မရှိလဲ ငြိမ်းချမ်းအောင် မနေတတ်တဲ့ မိစ္ဆာများ ရှိနေသေးသ၍ မငြိမ်းချမ်းနိုင်ဘူး ဆိုတာ သိလို့ တော်လှန်နေတာ ဖြစ်တယ်။

ဘ၀ လုံခြုံရေး ဆိုတဲ့ နေရာမှာ နေမှု၊ ထိုင်မှု၊ ပျော်ရွှင်မှု ဆိုတဲ့ အခြေခံကျသော သဘောတရား အားလုံးကို ပေါင်းပြီး ပညာရှင်တွေက wellbeing လို့ပြောကြပါတယ်။ ဒီလို အခြေခံကျတဲ့ wellbeing components များပြည့်စုံမှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး (Peace) ဆိုတာ ဖြစ်လာတယ် လို့ ဆိုပါတယ်။

ဒီတော့ တခုချင်း စဉ်းစားရအောင်…

Thursday, March 20, 2014

လက်မှတ်မထိုးရင် လိုင်ဇာ သိမ်းမယ် ဆိုသတဲ့။


မြန်မာ Piss စင်တာ အဖွဲ့ ထိုင်းနိုင်ငံကို ရောက်လာပြီး ငြိမ်းချမ်းရေး လက်မှတ် မထိုးရင် လိုင်ဇာ သိမ်းမယ် ဆိုတဲ့ စကား လာပြော ကြောင်း သိရပါတယ်။

အော် မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး… တော်တော် ငြိမ်းချမ်းတဲ့ စကား ပြောတတ်တယ်။

အိုင်ဒန်ဒတီ (Identity)

by Leonard Shinra Chan

မြန်မာနိုင်ငံရဲ့ တိုက်ပွဲဟာ အိုင်ဒန်ဒတီ တိုက်ပွဲဖြစ်ပါတယ်။ လူမျိုးပေါင်းများစွာက ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ဒီကနေ့ အထိ လှုပ်ရှားမှုများရှိနေကြခြင်းဟာ မိမိတို့ အိုင်ဒန်ဒတီ ကို ထိန်းသိမ်းကာကွယ်လိုတဲ့အတွက်ပါ။ ကျနော်တို့ ဟာ ကမ္ဘာကြီးပေါ်က ကိုလိုနီခေတ် ကုန်လွန်သွားတဲ့နောက်မှာမှ အကျဉ်းကျခံထားရတဲ့ လူ့ အခွင့်အရေး ချိုးဖေါက်ခံလူသားများ ဖြစ်လာကြတဲ့အခါ မိမိတို့ ရဲ့ အိုင်ဒန်ဒတီကို စွဲကိုင်ရတော့ မယ်လို့  ပိုမို ခံယူလာခဲ့ကြတယ်။ ဒီအိုင်ဒန်ဒတီဟာ ကျနော်တို့ ရဲ့ လွတ်လပ်စွာဖြစ် တည်မှုတွေ၊ အခွင့်အရေးတွေ၊ သမိုင်းတွေ၊ ရိုးရာအမွေအနှစ်တွေကို သယ်ဆောင်နေ တဲ့ ဂုဏ်သိက္ခာဖြစ်တယ်လို့  ယုံကြည်ကြတယ်။ ဒီအိုင်ဒန်ဒတီဟာ ကျနော်တို့ ရဲ့  အနာဂတ် အထိပါတယ်လို့ ရိုးရှင်းစွာ ခံယူထားကြသူများပဲ ဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့ ဟာ လူသားဖြစ်မှုအခြေခံဆိုတဲ့ ရှုဒေါင့်ကနေ ဘယ်တော့မှ လုံလောက်စွာ ဦးစားပေး မခံခဲ့ရလို့ လဲ ဖြစ်တယ်။ လူ့ ဂုဏ်သိက္ခာဆိုတာ ကိုယ်ကိုယ်တိုင်က တပိုင်တနိုင်လေး အုပ်စုဖွဲ့ တည်နိုင်မှ ရရှိနိုင်တဲ့အရာမျိုးလို့  ဘ၀ကနားလည်လာစေ ခဲ့တော့ အိုင်ဒန်ဒတီ ဆိုတာဟာ ကျနော်တို့ လူတိုင်းအတွက် အလွန်အရေးကြီးတဲ့ အသွေးအသက်ဖြစ်လာခဲ့တယ်။ တကယ့်တကယ်မှာလဲ ဒီအိုင်ဒန်ဒတီများဖြစ်တည် လာခဲ့ရတာ သွေးနဲ့ ၊ ချွေးနဲ့ ၊ ဘ၀နဲ့ ၊ တိုက်ပွဲများနဲ့ ၊ အချိန်ကာလများနဲ့  ရင်းနီးခဲ့ရတာ ကြီးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအိုင်ဒန်ဒတီကြောင့် ကျနော်တို့ ဟာ ထပ်ခါထပ်ခါ နာကျဉ်ရတယ်၊ ခံစားရတယ်၊ အနှိမ်ခံရတယ်၊ အထုအထောင်းခံရတယ်၊ အသက်ပေး ခဲ့ရသူတွေရှိတယ်၊ ပြီးတော့ ကျနော်တို့ ဟာ ဒီအိုင်ဒန်ဒတီကြောင့်ပဲ ပိုမိုသတ္တိတွေ ရှိလာခဲ့ကြတယ်၊ ပိုမိုစွန့် စား လာခဲ့ကြတယ်၊ ပိုမိုပေးဆပ်လာခဲ့ကြတယ်၊ ပိုမိုမာကျော လာခဲ့ကြတယ်၊ ပိုမိုရင့်ကျက် လာခဲ့ကြတယ်။ ပိုမို ယဉ်ကျေးလာသလို ပိုလို့ လဲ ခက်ခဲကြမ်းတမ်းမှုများးကို ရင်ဆိုင်ဖို့  တခါတရံမှာ အသင့်ဖြစ်နေခဲ့ကြတယ်။

္လဒီမိုကရေစီ ပြောင်းပြန် မှအစ အပစ်ရပ် ပြောင်းပြန်သို့

တကယ်တမ်း အပစ်ရပ် ဖို့ ဆိုရင် အင်အားကြီးသူတွေရဲ့ သဘောထားက စစ်မှန်ဖို့ လိုတယ် လို့ ၀ါရင့် သတင်းစာ ဆရာကြီး ဘာတေ လက်တ်နာ ပြောလိုက် ပါတယ်။

မတ်လ ၁၇ နေ့ ရန်ကုန်မြို့ တော်ဝင် နှင်းဆီ ခန်းမ မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ အခါ အရင်ဆုံး စကားပြောမယ် ပြီးတော့မှ သဘောတူညီချက်ကို နောက်မှ ယူရမယ် ဖြစ်တယ်။ အဲလို မဟုတ်ပဲ အခုဟာက ပြောင်းပြန် ဖြစ်နေတယ်။ တကယ် ညှိနှုန်းမှု ဖြစ်တဲ့ အခါ
နိုင်ငံခြားသားကတော့ ပြောမှာပဲ နောက်မှ စကားပြောမယ် လို့ ပြောမှာပဲ၊ ၁၉ ၉ ၄ တုန်းက ဆိုရင် ကချင် အဖွဲ့နဲ့ စကားပြောခဲ့ပါတယ်၊ အုပ်ချုပ်သူ အစိုးရက စစ်အစိုးရ ဖြစ်နေတဲ့ အတွက် ငါတို့ တရားဝင် အစိုးရ မဟုတ်ဘူး၊ ခဏ တာဝန်ယူထားတဲ့ အစိုးရသာ ဖြစ်တဲ့ အတွက် နောက်မှ ပြောရတာပေါ့၊ အခု လက်မှတ်ထိုးလိုက်ပါ လို့ ပြောလိုက်တယ်။ အဲဒီ တော့ နောက်မှသာ ပြောကြပါ ဆိုတဲ့ စကားအတွက် ကချင် အဖွဲ့တွေက နှစ်ပေါင်း များစွာ စောင့်ခဲ့ရတယ်။
ဒီ ကိစ္စမှာ အရင်ဆုံး စကား မပြောပဲနဲ့ လက်မှတ်ထိုးလိုက်ကြရအောင် ဆိုရင် အခုလို ပြောတဲ့ လူရဲ့ ရင်ထဲက စကား စစ်မှန်ဖို့ကို မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။

နိုင်ငံတော် အကြီးအကဲ ဆိုသူတွေရဲ့ လက်ဆောင်ပစ္စည်းများ ကို ဝေဖန်ခြင်း


သမ္မတ ဦး သိန်းစိန် မြစ်ကြီးနား ရောက်တော့ ရပ်မိ ရပ်ဖတွေ ဘာသာရေး ခေါင်းဆောင်တွေကို ဆန်အိတ်အလှူတွေ ပေးတယ် လို့ ပြောပါတယ်။

ဟိုး အရင်တုန်းကတော့ ဖုန်း ပါမစ် ခေတ်စားခဲ့ပါတယ်။ 

တခု စဉ်းစား လိုက်တယ်။

မြန်မာ့နိုင်ငံရေး လှည့်ကွက်


ခရိုင်းမီးယား ကို လေ့လာရန်လိုသည်။

ခရိုင်းမီးယား ကိစ္စ ဟာ classical democracy စနစ် ကို ရုရှား က ကောင်းကောင်း အသုံးချသွားတာ ဖြစ်ပါတယ်။

ခရိုင်းမီးယား ဒေသ ဟာ ယူကရိန်းနိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်တယ် ဆိုတာ သမိုင်း သက်သေ ရှိပေမယ့် အချိန်ကြာလာတာနဲ့အမျှ ရုရှား လူမျိုးတွေ အခြေချ နေထိုင်တာလာများသွားပါတယ်။ အခုတော့ လူများစုက ရုရှား ကို လိုလားသူတွေ ဖြစ်နေပါတယ်။

ဒီတော့… ရုရှား နိုင်ငံရဲ့နောက်ခံ လူတွေက ခရိုင်းမီးယား ဒေသ ကိုရုရှားပိုင်နက်ထဲ ထည့်သွင်းဖို့ လုပ်ဆောင်လာပါပြီ။

အရင်ကတည်းက ရှိနေတဲ့ တိုင်းရင်းသား လူနည်းစုတွေက လူများစု (ရုရှားလိုလားသူများ) ရဲ့ ဆန္ဒမြဲနဲ့ ယှဉ်ရင် ဘယ်လိုမှ နိုင်စရာ အကွက်မရှိဘူး ဆိုတာ ရုရှားက ကောင်းကောင်း သဘော ပေါက်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ ဥပဒေ အရ ဆိုရင် ဘယ်လိုမှ ယူကရိန်းနိုင်ငံရဲ့ အစိတ်အပိုင်း နယ်မြေတခု ကို ဘယ်လိုမှ ရုရှားကို ပေးလို့ မရ၊ အဲဒီ အတွက် အမေရိကန်က ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ မှာ အရေးပေါ် မူကြမ်း တင်သွင်းခဲ့တယ်။ ဒါပေမယ့် ရုရှားက ပယ်ချ လိုက်ပါတယ်။

Friday, March 14, 2014

ထိုင်းနိုင်ငံ အတွေ့အကြုံ

အခု ထိုင်းနိုင်ငံရေး အကြပ်အတည်းမှာ ထိုင်းနိုင်ငံအတွက် အကြီးဆုံး အမြတ်ကတော့ ထိုင်းနိုင်ငံသားတွေ နိုင်ငံရေး ဗဟုသုတ ကောင်းကောင်း သင်ယူနိုင်ကြပါတယ်။ ဘာဖြစ်လို့ ဆိုတော့ ထိုင်းနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀ ပေးထားလို့ပါ။ မီဒီယာ တွေက အစိုးရကို ဖြစ်ဖြစ်၊ လူတစ်ဦးချင်းကို ဖြစ်ဖြစ်၊ နိုင်ငံရေး ပါတီကို ဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ဝေဖန်နိုင်ကြပါတယ်။ အတိုက်အခံ နဲ့ အာဏာရပါတီ နှစ်ဖက်နိုင်ငံရေးခေါင်းဆောင်များရဲ့ ဟောပြောချက်များကို တီဗီ၊ FM Radio များမှ တိုက်ရိုက် ထုတ်လွင့်ကြပါတယ်။ အဲဒီ ဟောပြောချက်တွေကို ထိုင်းနိုင်ငံသားတိုင်းကလဲ စိတ်ဝင် တစား နားထောင်ကြတာပါ။

အဲဒါကတော့ အဆိုးထဲက အကောင်းပဲ ဖြစ်ပါတယ်။

မြန်မာ့ နိုင်ငံရေး အကြပ်အတည်း နှစ် ၆၀ လုံးလုံးမှာ မြန်မာနိုင်ငံသားများ ဘယ်သော အခါမှ မရဖူးတဲ့ အတွေ့အကြုံမျိုး ထိုင်းနိုင်ငံသားတွေ ရနေတာပါ။

ဒီတော့ ထိုင်းနိုင်ငံမှာ ဘယ်လောက်ပဲ နိုင်ငံရေး ရှုပ်ထွေးနေစေကာမူ၊ နိုင်ငံသားတိုင်းရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကျဆင်းလာခြင်း မရှိသလို၊ နိုင်ငံရေး အသိပညာလဲ ပိုမိုကြွယ်ဝ လာပါတယ်။ ထိုင်းနိုင်ငံရဲ့ ပညာတတ်မှု အဆင့်အတန်းမှာ မြန်မာနိုင်ငံနဲ့ သိပ်မကွာလှသော်လည်း နိုင်ငံရေး ဗဟုသုတ မှာတော့ မြန်မာနိုင်ငံသားတွေထက် အစပေါင်းများစွာ သာသွားရတဲ့ အချက်လဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အောက်ခြေသိမ်း လုပ်သားအနေနဲ့ လာရောက် အလုပ်လုပ် နေတဲ့ မြန်မာနိုင်ငံသားများပင် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အကြောင်းကို စိတ်ဝင် တစား ပြောကြပါတယ်။ တချို့ ဆိုရင် လူကိုယ်တိုင် အားသက်သရော ပါဝင် ကြတာပါ။ မြန်မာ့ နိုင်ငံရေး အကြောင်းတောင် ဒီလောက် တခါမှ မလုပ်ဖူး၊ မပြောဖူးသူများက ထိုင်းနိုင်ငံရေး အကြောင်းကို စိတ်ဝင်စားလာတာကလဲ ထိုင်းနိုင်ငံ ရောက်မှ ဖြစ်လာတဲ့ ပြောင်းလဲ မှု တွေပါ။

မြန်မာ့သမိုင်းမှာ ပျောက်နေတဲ့ အရာများ

မြန်မာ့သမိုင်း ဖတ်စာအုပ်မှာ ဘယ်တော့မှ မပါတဲ့၊ နောက်နောင်အခါလဲ ပါဖို့ မသေချာတဲ့ အဖြစ်မှန်ကတော့

တိုင်းရင်းသားတွေ ဘာဖြစ်လို့ တော်လှန်လာရသလဲ ဆိုတဲ့ အဖြစ်မှန်လေးပါ။

ဖတ်စာအုပ်တွေမှာ မပါရင်တောင် သက္ကသိုလ်တွေမှာ နိုင်ငံရေး သိပ္ဗံ ဘာသာရပ်၊ သမိုင်းဘာသာရပ်တန်းတွေမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ရရင် မြန်မာ့သမိုင်း ပါမောက္ခများ ကို တိုင်းရင်းသား ကျောင်းသားတွေ မေးတဲ့ မေးခွန်းများ ဖြေဖို့ အခွင့်ပေးအုံးမလား…

နောက်ပြီး မြန်မာ့ သတင်းမီဒီယာများ လွတ်လပ်ခွင့် တကယ်ရခဲ့သော် ရုပ်မြင်သံကြားအစီအစဉ်တွေမှာ တိုင်းရင်းသားကျောင်းသားတွေနဲ့လွတ်လွတ်လပ်လပ် တိုက်ရိုက် (Live) ဆွေးနွေးရဲတဲ့ မြန်မာ့ ပညာရှင် ဘယ်လောက်ထွက်လာမလဲ…

အဲဒီ အခွင့်အရေး တွေက စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်မှာ မဖြစ်မနေရလာ ရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီလို အခွင့်အရေး တွေ တရားဝင် ပိတ်ပင်ထားနိုင်မဲ့ မြန်မာ့နည်း မြန်မာ့ဟန် စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ဆိုတာ ဖြစ်လာရကြောင်း ပါ။

တော်လှန်ရေး ဆိုတာ တည်ဆဲ ဥပဒေ ကို တော်လှန်နေတာ ဖြစ်တယ်။

တော်လှန်ရေး ဆိုတာ တည်ဆဲ ဥပဒေ ကို တော်လှန်နေတာ ဖြစ်ပါတယ်။ ဒီတော့ ဥပဒေ ဘောင်အတွင်းဝင်ပါ၊ လွတ်တော်ထဲ ၀င်ပြီး စကား ပြောပါ၊ ဆိုတာ တွေဟာ တည်ဆဲ ဥပဒေ ကို လက်ခံ ခိုင်းတာ ဖြစ်ပါတယ်။

ဒီနေ့ ကျနော်တို့ တိုင်းရင်းသားတွေ တော်လှန်နေတာ ဗမာ လူမျိုးတွေကို အသားလွတ် မုန်းတီ နေတာ မဟုတ်ပါ။ ကျနော်တို့ရဲ့ ရပိုင်ခွင့်ကို နည်းမျိုးစုံ နဲ့ ကန့်သတ်ထားတဲ့ အာဏာရှိသူ ဗမာ ခေါင်းဆောင်များ နဲ့ အပေါင်းအပါများ ပြုစုထားတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို တော်လှန်နေတာ ဖြစ်ပါတယ်။

ဒီတော့ တည်ဆဲ ဥပဒေ ဆိုတိုင်း တရားမျှတ တာ မဟုတ်၊ မမှန်တဲ့ ဥပဒေ ရှိနေလို့သာ မြန်မာပြည် ဆင်းရဲ နေတာဖြစ်ပါတယ်။ ဗမာလူမျိုးတွေ အင်္ဂလိပ် ကို မကြိုက်လို့တော်လှန်ခဲ့တာ သူတို့ရဲ့ ကိုလိုနီ စနစ် နဲ့ကျင့်သုံးခဲ့တဲ့ ဥပဒေ တွေကို တော်လှန်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် အခုသူတို့ မကြိုက်ခဲ့တဲ့ အင်္ဂလိပ်ခေတ်က နည်းဥပဒေတွေ ကျန်တိုင်းရင်းသားတွေကို ဖိနှိပ်ချုပ်ချယ်ဖို့ သုံးနေဆဲ ဖြစ်တယ်။

အာဏာဖီဆန် တော်လှန်ရေး ဆိုတာ

အာဏာဖီဆန်တော်လှန်ရေး ဆိုတာ ဂန္ဒီ လုပ်ခဲ့တာ ကမ္ဘာက အသိအမှတ်ပြုပေးပါတယ်။ ဥပဒေ ကိုက မှားနေလို့ တော်လှန်ပါတယ် ဆိုမှပဲ တည်ဆဲ ဥပဒေ နဲ့ အရေးယူမယ် ဆိုတာကို ကြောက်နေရင် ဖက်ဒရယ် နဲ့ တော့ ဝေးနေရအုံးမှာပါ။ ရှင်းရှင်း ပြောရရင် အာဏာဖီဆန် တော်လှန်ရေး ဆိုတာ တည်ဆဲ ဥပဒေ အရ အုပ်ချုပ်နေတဲ့ အစိုးရ ယန္တရား တခုလုံး ရပ်တံ့သွားအောင် တော်လှန်နေတာ ဖြစ်ပါတယ်။

သန်းခေါင် စာရင်းကိစ္စမှာ စာရင်းပုံစံ မှားနေလို့ ပြင်ပေးပါ… ဆိုတာလဲ နားမထောင်.. ဗမာအစိုးရ က လုပ်ချင်တာလုပ်… မသိနားမလည်တဲ့ အလှူ့ရှင် နိုင်ငံတွေက သူတို့ အလုပ်ဖြစ်ဖို့လောက်သာ ကြည့်တယ် ဆိုရင်… သန်းခေါင်စာရင်းမထည့်ဘူး လို့ ကိုယ့်ဟာကိုယ် ငြင်းဆန်နိုင်ပါတယ်။ 

ငြင်းဆန်တာလောက်နဲ့ ထောင်ထဲ ပို့မယ် ဆိုရင် တမျိုးလုံး ဆိုရင်ကော…. ဘယ်ထောင်မှာ ပို့ထားမှာလဲ….

Wednesday, March 5, 2014

လူမျိုးပျောက်မှာ ပူစရာ မလို၊ ပြည်နယ်ပျောက်မှာ အရင်ပူ

သန်းခေါင်စာရင်းကိစ္စမှာ

တချို့ မျိုးနွယ်စုတွေက လူမျိုးပျောက်သွားမှာ စိုးရိမ်နေကြတယ်။ မြန်မာအစိုးရ စာရင်းမှာ နာမည်မပါပေမယ့် လူမျိုးမပျောက်ပါဘူး။ လူမျိုးပျောက်တယ် ဆိုတာ မျိုးနွယ်နဲ့ ဆိုင်တဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ ထုံးတမ်းဓလေ့တွေ ပျောက်သွားမှ လူမျိုး ပျောက်တာပါ။ 

ဒီတော့ ကိုယ့် မျိုးနွယ်စု နဲ့ ဆိုင်တဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေ၊ ထုံးတမ်းဓလေ့တွေ မပျောက်ဖို့ ဆိုရင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိတဲ့ ကိုယ့် ကိုယ်ပိုင် ပြည်နယ် လိုအပ်တယ်။ အဲဒါမှ ကိုယ့် ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာကို ကိုယ့်စိတ်ကြိုက်ဖန်တီးလို့ ရမယ်။ အဲဒါကြောင့် ဖက်ဒရယ် လိုအပ်တယ် လို့ တိုင်းရင်းသား လက်နက်ကိုင်တွေက ပြောနေကြတာပါ။ အဲဒါကြောင့် ဒီ ရပ်တည်ချက်အပေါ် ဗမာအုပ်စု ကတော့ နည်းမျိုးစုံ နဲ့ တိုက်နေကြမှာပဲ။

မြန်မာပြည် ဖက်ဒရယ် လုပ်ရင် ကချင်ပြည်နယ်မှာ ရှိတဲ့ မျိုးနွယ်စု (ရှမ်း၊ ဗမာ က အစ) အားလုံးလဲ ကိုယ့်ဒေသ၊ ကိုယ့်မြို့နယ်အလိုက် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်တွေ ရလာမှာ ဖြစ်တယ်။ ကိုယ့်ဒေသ အလိုက် ကြမ္မာကိုယ်ဖန်တီးခွင့် ရှိလာမှာ ဖြစ်တယ်။ ကိုယ့် ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများကို ထိမ်းသိမ်းခွင့် ရှိလာမှာ ဖြစ်ပါတယ်။

အဲဒါကြောင့် ကချင်မျိုးနွယ်စု အားလုံးနဲ့ ဆိုင်တဲ့ ကချင်ပြည်နယ် ဆိုတာ ရှိနေဖို့ လိုအပ်တယ်။

Sunday, March 2, 2014

သန်းခေါင် စာရင်း ကိစ္စမှာ ဗမာခေါင်းဆောင်များ နိုင်ငံတကာကို ကောင်းကောင်း လှည့်စားခဲ့ကြတယ်။

သန်းခေါင်စာရင်း ဆိုတာ နိုင်ငံတနိုင်ငံအတွက် မရှိမဖြစ် ဆိုတာ လက်ခံတယ်။ သန်းခေါင်စာရင်းကောက်ခြင်းကို ကန့်ကွက်တာမဟုတ်။ ဒါပေမယ့်… 
UNFPA မှာ အလုပ်လုပ်တဲ့ နိုင်ငံခြားသား ၀န်ထမ်းတွေက ကျနော် ဒူဝါ တစ်ယောက် ဗမာ ခေါင်းဆောင်တွေ ပြုစုထားတဲ့ သန်းခေါင်စာရင်း ကုတ်နံပါတ် သုံးမျိုး (ကချင်၊ ဂျန်းဖေါ့၊ ခခူး) နဲ့ အကျူံးဝင်နေတယ် ဆိုတာ မသိဘူးလေ။ UNFPA ဌာနေကိုယ်စားလှယ် Ms. Janet Jackson သိတာ ရိုဟင်ဂျာ ဆိုတဲ့ နာမည်စာရင်းထဲ ပါလာဖို့ပဲ အာရုံ စိုက်နေတယ်။ အဲဒီ အချက်ကို ဗမာခေါင်းဆောင်တွေ ကောင်းကောင်းတွက်ထားခဲ့တယ်။ သူတို့ တကယ်ပဲ အောင်မြင်ခဲ့ပါတယ်။ UNFPA က နိုင်ငံခြားသား တွေ မပြောနဲ့ ဗမာ လွတ်တော်အမတ်မင်းများတောင် ဒီကိစ္စ မသိပါဘူး။ တိုင်းရင်းသား လွတ်တော်အမတ်များကလဲ အလုပ်ပြုတ်မှာပဲ ကြောက်နေသလား မသိ၊ ငြိမ်နေခဲ့ကြတယ်။

တကယ်တော့ လုံးဝ ကို မမှန်မကန် လုပ်ထားတဲ့ လှည့်ကွက် ပါ။ ဘာအတွက် လှည့်ကွက်လဲ လို့ ဆိုကြပါလိမ့်မယ်။ ရှင်း အောင်ပြောရရင် တိုင်းရင်းသား ပြည်နယ်တွေကို နာမည်ပြောင်းရင် နိုင်ငံတကာကို အပြ ကောင်းအောင်လို့ လုပ်ထားခြင်း ဖြစ်ပါတယ်။

ဥပမာ… ကျနော့လို ခခူး တွေက တချို့ ကချင်မှာ ထည့်မယ်၊ တချို့ ဂျိန်းဖေါ့မှာ ထည့်မယ်၊ တချို့ ခခူး မှာ ထည့်မယ်… အလားတူ တခြား ဂေါ်ရီ၊ ဒူလေန် ဆိုတာတွေ ရှိသေးတယ်။ ကချင်အားလုံး အနည်းဆုံး ကုတ်နံပါတ် ၂မျိုးထဲမှာ အကျူံးဝင်ကြတယ်။ ဒီတော့ ကချင် ဆိုတဲ့ လူမျိုး လူစာရင်းက မဖြစ်စလောက် ဖြစ်သွားမယ်။ ဒီတော့ ကချင်ပြည်နယ် ဆိုတဲ့ နာမည်က တကယ်မလိုအပ်ဘူး ဆိုတာ ဖြစ်လာမယ်။ တချို့က ကချင်မှာ ထည့်ရအောင် လို့ပြောတဲ့ အခါ ကိုယ့်လူမျိုး နာမည် ပြောက်မှာကိုတော့ မလိုလား… တကယ်တော့ လူမျိုးပျောက်မှာကို စိုးရိမ်စရာမရှိ ပြည်နယ် ပျောက်မှာသာ စိုးရိမ်စရာ ရှိတာ နားမလည်ကြ။

Saturday, March 1, 2014

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး (Nationwide Ceasefire) စာချုပ် အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များရဲ့ အခက်အခဲများ

(၁) ပြည်တွင်းစစ်ကို မြင်တဲ့ အမြင်အပေါ်မှာ မြန်မာ အစိုးရက လက်နက်ကိုင် ပဠိပက္ခလို့ မြင်တယ်၊ တိုင်းရင်းသား တွေက နိုင်ငံရေး ပဠိပက္ခ လို့ မြင်တယ်။

(၂) ပြည်ထောင်စု ပေါ်ပေါက်လာတဲ့ အမြင်အပေါ်မှာ မြန်မာ အစိုးရက ရှေးယခင် ဗမာ ဘုရင်များရဲ့  နယ်မြေသမိုင်းမှ ရပ်တည်လာခြင်း လို့ မြင်တယ်။ တိုင်းရင်းသား တွေက ပင်လုံညီလာခံ (ဗမာဘုရင်များရဲ့ နယ်မြေ နဲ့ တောင်တန်းဒေသ တိုင်းရင်းသားစော်ဘွား၊ ဒူဝါများရဲ့ နယ်မြေ ပူးပေါင်းခြင်း) မှ ဖြစ်ပေါ်လာခြင်း လို့ မြင်တယ်။

(၃) ငြိမ်းချမ်းရေး လို့ ပြောတဲ့ အခါ၊ မြန်မာအစိုးရ က အပစ်အခတ် ရပ်စဲရေး (Negative Peace) ကို ဆိုတယ်၊ တိုင်းရင်းသားတွေက လူနေမှုဘ၀ လုံးဝ လုံခြုံစိတ်ချရတဲ့ ဘ၀ (Positive Peace) ကို ဆိုလိုတယ်။ အဲဒီအတွက် ဖက်ဒရယ် စနစ် လိုအပ်တယ် လို့ မြင်တယ်။ အကြောင်းကတော့ ဗမာစစ်တပ်တစ်ခုထဲရဲ့ အောက်မှာ ဘယ်လိုမှ မငြိမ်းချမ်းနိုင်တာ တိုင်းရင်းသားတွေသာ ဓါတ်သိဖြစ်တယ်။ ပြည်တွင်းစစ် မဖြစ်ခင်ကတည်းက တိုင်းရင်းသားတွေ အပေါ် ဗမာ စစ်တပ်ရဲ့ သတ်ဖြတ်မှု သမိုင်းရှိခဲ့ဖူးတယ်။ ဗမာ ဘုရင်များရဲ့ စစ်တပ်မှ အစ၊ ဂျပန်ခေတ် ဘီအိုင်အေ ခေါ် ဗိုလ်ချုပ်အောင်ဆန်းတပ်မှ တိုင်းရင်းသားဒေသ၊ အထူးသဖြင့် လက်နက်မဲ့ ခရစ်ယာန်တိုင်းရင်းသားတွေ အပေါ် သတ်ဖြတ်ခဲ့တာ သမိုင်းမှာ ရှိခဲ့တယ်။ အဲဒါကြောင့် တိုင်းရင်းသားတွေ ဗမာအုပ်ချုပ်မှု အောက်မှာ နေထိုင်ဖို့ ကြောက်လာရခြင်း ဖြစ်တယ်။ အခု မူဆလင် ကို လုပ်သလို တနေ့ ခရစ်ယာန်တွေ အပေါ် ပြန်မလုပ်ဘူး လို့ပြောလို့မရပါ။ (ဟုတ်ကဲ့ အခုလဲ စစ်တပ်ကတော့ လစ်ရင် လစ်သလို လုပ်နေမြဲပါ၊ မြို့ပေါ်က ဗမာ ပြည်သူတွေ ပြန်လုပ်လာမှာ ကို ဆိုလိုတာပါ။)

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်