Monday, February 24, 2014

ကချင်အလံ ရှင်းတမ်း


KIO/KIA အလံ နဲ့ ကချင်အမျိုးသား အလံကို မသဲကွဲပဲ ကချင်အမျိုးသား အလံ ကို ကေအိုင်အေ အလံ ဆိုပြီး ရောသမ နေခြင်းဟာ ဒီနေ့ခေတ်အထိ မြန်မာအစိုးရ ဟာ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စ ဘယ်လောက်ထိ စိတ်ဝင်စားတယ် ဆိုတာ ညွန်ပြနေခြင်း ဖြစ်ပါတယ်။

ကချင်အမျိုးသားအလံ ကို ကေအိုင်အေ အလံ နဲ့ ရောပြီး မရောင်းခိုင်း၊ မသုံးခိုင်းခြင်းဟာ

ဖြစ်နိုင်တာက

(၁) သိသိကြီးနဲ့ ကချင်လူမျိုးများရဲ့ အမျိုးသားရေး လက္ခဏာကို ပပျောက်သွားအောင် လုပ်နေခြင်း ဖြစ်တယ်။

(၂) မသိလို့ လုပ်မိ၊ ပြောမိပါတယ် ဆိုရင်၊ မြန်မာအစိုးရဟာ တိုင်းရင်းသားတွေနဲ့ ဆိုင်တဲ့ အရေးကိစ္စကို အိမ်မွေးခွေးလောက်တောင် ဂရုမစိုက်တာလဲ ဖြစ်နိုင်တယ်။ (ကချင်ပြည်နယ်ရောက်တဲ့ တိုင်းမှူးတွေက အိမ်မွေးခွေးရဲ့ မွေးနေ့ ကောင်းကောင်းသိတယ်။ မွေးနေ့ပွဲလုပ်ပြီး မှောင်ခိုသမားတွေဆီက လက်ဆောင် လက်ခံတတ်လေ့ ရှိတယ်၊ လို့ ပြောကြပါတယ်။)


(၃) စာမတတ်၊ ပေမတတ်၊ သမိုင်းနားမလည်၊ ဗဟုသုတ အင်မတန် ခေါင်းပါးပြီး အထက်ဖါး အောက်ဖိ သာ လုပ်တတ်တဲ့ လူမျိုးများ အုပ်ချုပ်ရေး နေရာ ရလာခြင်း လက္ခဏာ ဖြစ်တယ်။

ရှင်းအောင် ထပ်ပြောမယ်။ ကချင်အမျိုးသား အလံဟာ ရှေးယခင် ဘိုးဘွား လက်ထက်ကတည်းက သုံးနေတာ ဖြစ်တယ်။ ကချင်လူမျိုးတွေက မြန်မာအစိုးရ လို ခေတ်ပြောင်း၊ လူပြောင်း၊ အလံ ပြောင်း စနစ်ပြောင်း လုပ်တတ်သူများ မဟုတ်၊ ရှေးယခင်ကတည်းက ဒီ တမျိုးထဲ သုံးတယ်။ ပင်လုံစာချုပ်မှာထိုးထားတဲ့ စိတ်ဓါတ်လဲ မပြောင်းသေးဘူး။

 ကေအိုင်အေလဲ လူထုနဲ့ ဆိုင်တဲ့ နေရာသုံးတယ်။ ဘာဖြစ်လို့ ဆိုတော့ သူတို့လဲ ကချင်လူထုကို ကိုယ်စားပြုလို့ သုံးတယ်။ အဲဒါ ပါပဲ။

ကချင်လူထု ကို ကိုယ်စားပြုတဲ့အစိုးရ ဆိုရင် ကချင်ပြည်နယ်မှာ ကချင်အလံ ကို အသိအမှတ်ပြုရမှာပေါ့။

ဒါပေမယ့် KIA အလံ သည် အနီသီးသန့် ဖြစ်တယ်။
ကချင်အမျိုးသားအလံသည် အနီ နဲ့ အစိမ်းစပ် ဖြစ်တယ်။

သို့သော် နှစ်မျိုးစလုံးမှာ တူညီတဲ့ လက္ခဏာ ရှိတယ်။ အဲဒါကတော့ ကချင်ရိုးရာ ဓါး ဖြစ်တယ်။

1 comment:

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်