Wednesday, September 18, 2013

နယ်မြေရှင်းလင်းရေး ဆိုတာ တိုင်းရင်းသား ဒေသခံ မောင်းထုတ်ရေးလား။

အခုတလော တိုင်းရင်းသား ဒေသ (အပစ်ရပ်ထားတဲ့နေရာ အပါအ၀င်) တွေမှာ ခေတ်စားလာတာကတော့ ဗမာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ နည်းမျိုးစုံသုံးပြီး ဒေသခံတွေ နေရခက်အောင် လုပ်တဲ့ နည်း ဖြစ်ပါတယ်။

ပြည်တွင်းစစ် စောင့်ကြည့်လေ့လာတဲ့ ပညာရှင်တွေရဲ့ အဆိုအရ၊ နယ်မြေရှင်းလင်းရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်ပြေးဒုက္ခသည် ပိုများလာတယ် လို့ ဆိုပါတယ်။

ပိုမိုပြတ်သားတဲ့ စကားနဲ့ ပြောမယ် ဆိုရင် နယ်မြေရှင်းလင်းရေး ဆိုတာ ဗမာလူထုကို မောင်းထုတ်တာတော့ မဟုတ်ပါဘူး။ အများအားဖြင့် တိုင်းရင်းသား ဒေသတွေမှာပဲ လုပ်နေကျ ဆိုတော့ တိုင်းရင်းသား ဒေသခံတွေပဲ မောင်းထုတ်ခံနေရတာ ဖြစ်ပါတယ်။

ပြည်သူအတွက်လို့တော့ ဆိုတာပဲ၊ ဒါပေမယ့် ဒေသခံတွေက ဗမာ စစ်တပ်ကိုပဲ ကြောက်နေရတာ အမှန်ဖြစ်ပါတယ်။

ဒီတော့ ဘယ်က ပြည်သူတွေအတွက်လဲ? တိုင်းရင်းသားဒေသခံ တွေအတွက် ဆိုရင်တော့ ဗမာ စစ်တပ် မရှိတာက သူတို့အတွက် အငြိမ်းချမ်းဆုံးပါ။ အပျော်ဆုံး လို့ ဆိုနိုင်ပါတယ်။

ပူတာအို ဒေသ မှာ ဟိုး ခေတ်အဆက်ဆက် ရှမ်း နဲ့ ကချင်မျိုးနွယ်စုများသာ နေထိုင်တဲ့ နေရာ ဖြစ်ပါတယ်။ ဗမာအစိုးရ မရောက်ခင်အထိ (လွတ်လပ်ရေး ရပြီးမှ ဗမာရောက်တာဖြစ်တယ်။) အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း၊ ခိုးဆိုးလုယက် ဒမြတိုက်ခြင်း၊ အချင်းချင်း အနိုင်ကျင့်ဗိုလ်ကျခြင်း ဆိုတာ မရှိဖူးပါဘူး။ ဗမာ အစိုးရ ရောက်ပြီး နောက်မှ ဒုက္ခမျိုးစုံ ဖြစ်လာရပါတယ်။ (ကေအိုင်အေ မရှိခင်ကစလာတဲ့ ဒုက္ခ ကို ပြောတာပါ။)

အခု နောက်ဆုံး နယ်မြေရှင်းလင်းရေး လုပ်တဲ့နေရာဖြစ်တဲ့ အင်ခန်ဂါး ဆိုတဲ့ ပတ်ဝန်းကျင် နယ်မြေမှာ ခေတ်အဆက်ဆက် နေထိုင်လာတဲ့ ဒေသခံ ရွာသားတွေ ထွက်ပြေးနေရပါတယ်။ တချို့ပျောက်နေတယ်၊ တချို့ ညှဉ်းပန်းနှိပ်စက်ခံရပြီး၊ တချို့ အသတ်ခံရတယ်။ ဘယ်က ပြည်သူအတွက် နယ်မြေရှင်းလင်းရေး လုပ်တာလဲ။ ဘယ်သူ့အကျိုးအတွက်လဲ။

ဗိုလ်ဇော်မျိုးထက် ပါဝင်ခဲ့တဲ့ ထိုးစစ်မှာ အင်ခန်းဂါး (Nhka Ga) မှ ဓမ္မဆရာတစ်ပါး နဲ့ ရွာသားတစ်ယောက် ကို မချမ်းဘော ကို ခေါ်သွားပြီး ညှင်းပန်းနှိပ်စက် သတ်လိုက်ကြောင်း


 
ဗိုလ်ဇော်မျိုးထက် ပါဝင်ခဲ့တဲ့ ထိုးစစ်မှာ အင်ခန်းဂါး (Nhka Ga) မှ ဓမ္မဆရာတစ်ပါး နဲ့ ရွာသားတစ်ယောက် ကို မချမ်းဘော ကို ခေါ်သွားပြီး ညှင်းပန်းနှိပ်စက် သတ်လိုက်ကြောင်း ဆွေမျိုးတွေဆီမှ သတင်းရတဲ့ အကြောင်း၊ မြောက်ပိုင်းဒေသ အတွက် အထူးဆုတောင်းပေးလိုကြောင်း ကို ရ၀မ် လို ရေးထားတာပါ။

နောက်ဆက်တွဲ သူပြောထားတာက (ဒီပိုစ့်ရဲ့ အောက်က ကွန်မန့်မှာ) အဲဒီ ထိုးစစ်မှာ ဒေသခံ ပြည်သူ့စစ်တွေကို ဓါးစာခံအဖြစ် အသုံးပြုပြီး ထိုးစစ်ဆင်ခဲ့တာ ဖြစ်ကြောင်း၊ ကချင်လူမျိုး အချင်းချင်း တိုက်ခိုင်းခဲ့ကြောင်း၊ တွေပါ။

သေဆုံးစာရင်းမှာ ရ၀မ် ပြည်သူ့စစ်များကို စာရင်းမထည့်ထားပါဘူး။ အခု သေဆုံးသူတွေအတွက် အလှူခံနေတဲ့ အဖွဲ့အားလုံးလဲ ကျဆုံးသွားတဲ့ ရ၀မ် ပြည်သူ့စစ် တွေအတွက် မပါပါ။

Sunday, September 15, 2013

ရွာသားများ နှိပ်စက်ခံရမှု သတင်းကို ဖုံးကွယ်ဖို့ စစ်ဗိုလ်ဇာတ်ထွင်ခဲ့

အင်ခန်ဂါး ကချင်ရွာသားများကို ရက်ရက်စက်စက် ညင်းပန်းနှိပ်စက်မှု သတင်း ထွက်လာအပြီး ဗိုလ် ဇော်မျိုးထက် သတင်းကို ဇာတ်နာအောင် ဖန်တီးကြတယ် လို့ ဆိုပါတယ်။ ထိုစစ်ကြောင်းမှာ ပါခဲ့တဲ့ ရ၀မ်အမျိုးသား တစ်ယောက် ပြောလာပါတယ်။

`စစ်ဗိုလ်ဆုံးတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သူတို့ ပြောသလို ခေါင်းဖြတ်သတ်တယ် ဆိုတာ မဟုတ်ဘူး၊ ဗုံးဒဏ်နဲ့ ဗိုက်ပေါက်သွားတယ် ဆိုတာတော့ ဟုတ်တယ်၊´ လို့ ဆိုပါတယ်။

အင်ခန်းဂါး ကျေးရွာသားများ ၁၀၀ ကျော် ပျောက်ဆုံး နေဆဲ လို့ သိရပါတယ်။ သေလား၊ ရှင်လား ဆိုတာ မသိရသေးပါ။ တောင်ပေါ်သားများ တောမှာ လမ်းမှားရိုး ထုံးစံမရှိပါ။

ဖြစ်စဉ်ကတော့...

Friday, September 13, 2013

ဗိုလ်ဇော်မျိုးထက် ကျတဲ့ နောက်ကွယ် ဖြစ်ရပ်အမှန်များ...


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း ကေအိုအေ တပ်မဟာ (၁) လက်အောက် ကေအိုအေ တပ်ရင်း (၇) ဒေသဖြစ်သော ပူတာအိုခရိုင် အင်ခဂါးကျေးရွာအထက်တွင် အခြေစိုက်တပ်စွဲထားသော ကေအိုင်အေ အမှတ် (၂) ပြည်သူ့စစ်တပ်ရင်မှ ဗိုလ်ကြီး ပခေါင်တန်ခမ့် ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၁၂) ဦးနှင့် ပူတာအိုတွင် တပ်ရင်းထိုင်သော ဗမာအစိုးရစစ်တပ် ခလရ (၁၃၇) တပ်ဖွဲ့နှင့် တန်ဂူးတန်တပ်ဖွဲ့များပူပေါင်းပါဝင်သော အင်အား (၂၀၀) ခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်များသည် ကေအိုင်အေများ တပ်စွဲထားသော အင်ခဂါး ဘက်သို့ ထိုးစစ်ဆင် ရောက်ရှိလာသောကြောင့် ယခုလိုတိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ တိုက်ပွဲတွင် ဗမာအစိုးရ စစ်တပ်ဘက်မှ ဗိုလ်ကြီးဇော်မျိုးထက် နှင့် တပ်သား (၃) ယောက် သေဆုံးကြောင်းနှင့် ကေအိုင်အေဘက်မှလည်း တပ်သား တစ်ဦး ကျဆုံး သွားကြောင်း သိရှိရပါသည်။

Thursday, September 12, 2013

ကေအိုင်အေ ကို ပြန်တိုက်ရန် ဗမာစစ်တပ် မှ ပြင်ဆင်မှုများ


ကေအိုင်အေ ကို ဗမာ စစ်တပ် ပြန်တိုက်ရန် ပြင်ဆင်မှုများ ရှိနေကြောင်း အတွင်းထဲမှ သတင်းများအရ သိရသည်။

အထူးသဖြင့် စစ်တပ် လော်ဘီ ဖစ်ဘွတ် အကောင့်များမှလဲ ကေအိုင်အေ မကောင်းကြောင်း၊ ကေအိုင်အေက စစ်ဗိုလ်တစ်ယောက်ကို ခေါင်းဖြတ်သတ်ကြောင်း သတင်းအမှားများနဲ့ အမုန်းတရားဖန်တီး နေမှုတွေ သိသိသာသာ တိုးလာသည်။ ဥပမာ ပုံထဲက Ko John ရဲ့ ပိုစ့်မှာ သတ်ပုံ သတ်နည်း အသေးစိတ် ကို ရဲဘော်တွေရှေ့မှာ လုပ်ပြသလို ဇာတ်နာအောင် ရေးထားပြီး အဲဒီ ရဲဘော်တွေ တစ်ယောက်မှ လွတ်လာတာ မရှိဘူး... အကုန်အသတ်ခံရတယ် လို့ ရေးပြန်တယ်.. ဒီတော့ အဲဒီ သတင်းကို ဘယ်သူက ပေးတာလဲ... တကယ်ကော အဖမ်းခံရပြီးမှ အသတ်ခံရသလား.. ပွဲချင်းပြီး သေသလား.. ဘယ်သူမှ မသိ... အတွင်းသတင်းအရ သိတာကတော့ ပွဲချင်းပြီး သေခြင်းသာ ဖြစ်သည်။

တပ်မ ၆၆ နဲ့ အားမရတော့ တပ်မ ၈၈ ပြန်တက်မယ်တဲ့။


ဒီပုံကတော့ ဒီရက်အတွင်း ဗမာတပ်မ ၆၆ က ကေအိုင်အေ တပ်မဟာ (၁) ဌာနချုပ် (ပူတာအို) ဖက် ထိုးစစ်ဆင် တုန်းက ကျဆုံးသွားတဲ့ ရ၀မ်လို့ယူဆရတဲ့ တိုင်းရင်းသား ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေပါ။

တချို့က ကေအိုင်အေ ဟာ ဒီလို ဓါတ်ပုံတွေနဲ့ ၀ါဒ ဖြန့်တယ် ဆိုပြီး ပြောတယ်။ တကယ်တော့ ကေအိုင်အေ စစ်တပ်မှာ စစ်သားတိုင်းက ဖုန်းကိုင်တယ်၊ ဘယ်သူ ရိုက်တင်လိုက်မှန်းတောင် မသိလိုက်ပဲ ဒီလို ပုံ တွေ ထွက်လာတာ ဖြစ်တယ်။ ကေအိုင်အေစစ်တပ်မှာ သတင်းလွတ်လပ်ခွင့်ရှိလို့ ဘယ်သူ့ကိုမှ “ဒီလို လုပ်ရမယ်၊ မလုပ်ရဘူး” လို့ ကန့်သတ်ထားတာ မရှိဘူး။ ဒီတော့ ၀ါဒဖြန့်ဖို့ ၀ါဒလဲ မရှိသလို၊ ပြင်ဆင်ထားတာလဲ မရှိတာ အမှန်ဖြစ်တယ်။

Tuesday, September 10, 2013

“ငြိမ်းချမ်းရေး” ဆိုတဲ့ ခေါင်းစဉ် အရေးကြီးလာ သလား။

မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) အတွက် အရေး အကြီးဆုံး အရာဟာ တနိုင်ငံလုံး အလုံးစုံ အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ ဂိုး ဖြစ်ပုံ ရပါတယ်။ ဦးအောင်မင်း နဲ့ ဦး လှမောင်ရွှေ ဦးဆောင်တဲ့အဖွဲ့ဟာ ကရင် (KNU) နဲ့ ရှမ်း (RCSS) အဖွဲ့တွေနဲ့ တွေ့စုံပွဲမှာ တနိုင်ငံလုံး အတိုင်းအတာ (Nationwide Ceasefire) အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ ကို လာမည့် အောက်တိုဘာလမှာ ကျင်းပဖို့ အစီအစဉ် တင်ပြလာပါတယ်။

တကယ်တော့ ကချင်တော်လှန်ရေး အဖွဲ့ နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အားလုံး အစဉ်တစိုက် နှစ်ပေါင်း ၆၀ ကျော်ကြာ တောင်းဆိုလာတာဟာ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့ ပါ။ အခုချိန်ထိ အစိုးရ လက်ရှိ အာဏာရ ပုဂ္ဂိုလ်များအပါအ၀င် ငြိမ်းချမ်းရေး စင်တာမှ ပညာရှင်များ ဖက်ဒရယ် အကြောင်း တခွန်းမှ မဟသေးပါဘူး။ NLD ပါတီအထဲမှ ပုဂ္ဂိုလ်တချို့လောက်သာ မီဒီယာမှ မေးမှ ပြောထွက်တတ်ပါတယ်။

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်