Friday, June 7, 2013

ကလေးဖျက်ချခွင့် ဥပဒေ မရှိပဲ၊ ရိုဟင်ဂျာ ကလေးနှစ်ယောက် အစီအစဉ် ဘယ်လို ဖြစ်လာမလဲ?

 
UN Declares Birth Control a Human Rights ဆိုတာ ကို အဓိပ္ပါယ် တမျိုးပေါက်အောင် ဘာသာပြန်ထားပြီး ရခိုင်က ရိုဟင်ဂျာကလေး နှစ်ယောက်အစီအစဉ်မှာ လူ့အခွင့်အရေး ချိုးဖေါက်တယ် လို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလဲ ငတုံး ဖြစ်အောင် ပြောနေတာတွေ တွေ့ရပါတယ်။

ဒီလိုကွဲ့.....

ယူအန်ရဲ့ ကလေးထိန်းချုပ်မှု ဆိုတာ အာဏာ နဲ့ အဓမ္မလုပ်ဖို့ မဟုတ်ဘူး။ ကိုယ့်အသိစိတ်နဲ့ ကိုယ်ဆုံးဖြတ်ပိုင်ခွင့် ပေးဖို့ ဖြစ်တယ်။ လူထုပညာပေးခြင်း၊ ကလေးမရအောင်လိင် ဘယ်လို ဆက်ဆံရမယ်ဆိုတာ မိသားစု နဲ့ ကျောင်းတွေ မှာ လိင်ပညာပေးခြင်း၊ အမျိုးသမီး တွေ လွတ်လပ်စွာ ကိုယ်ဝန်ဖျက်ချခွင့် စတာ တွေ ဖြစ်ပါတယ်။ နောက်ပြီး ဥပဒေ ပြဠာန်းရမယ်။ ဒီလိုနည်းနဲ့ ပညာရေးမြင့်မားလာတဲ့ အနောက်နိုင်ငံတွေမှာက ကလေးယူခိုင်းရင်တောင် မယူတော့လို့ အစိုးရက ကလေးထောက်ပံ့ကြေးတွေပေးပြီး ကလေးမွေးဖို့ ဆော်သြနေရပါတယ်။

တရုတ်ပြည်မှာက တနိုင်ငံလုံး အတိုင်းအတာ ဥပဒေ ပြဠာန်းပြီး ကလေး တစ်ယောက်ပဲ ယူစေ၊ အဓမ္မလုပ်တယ်။ အမျိုးသမီးတွေကို ကိုယ်ဝန်ဖျက်ဖို့ အစိုးရအနေနဲ့ အခမဲ့ ၀န်ဆောင်မှု ပေးတယ်။ အဲဒါကိုတောင် နိုင်ငံတကာက ဝေဖန်ခဲ့ပါတယ်။


မြန်မာနိုင်ငံမှာက လူမျိုးတစ်မျိုးထဲအတွက် ၂၀၀၈ အခြေခံ ဥပဒေ နဲ့ ဆန့်ကျင်ပြီး အမိန့်ထုတ်လေတော့ ဥပဒေ နားလည် တဲ့ ဒေါ်စု က မနေသာ တော့ဘူးပေါ့။ ရိုဟင်ဂျာ တွေကို ကလေး နှစ်ယောက်ပဲ ယူစေ၊ လို့ ပြောပြီး ကလေးဖျက်ချခွင့် ဥပဒေ နဲ့ ကလေးဖျက်ချဖို့ အခမဲ့ ၀န်ဆောင်မှုမျိုး အစီအမံတွေ မလုပ်ထားရင် ဘယ်လို ဖြစ်လာမလဲ။ မြန်မာပြည်က ကျောင်းတွေမှာ လိင်ပညာပေးမှုတွေကော အဆင်သင့် ဖြစ်ပြီလား။

အဲဒီ အမိန့်ရဲ့ နောက်ကွယ်က လိုက်လုပ်ရမဲ့ တာဝန်တွေက မနဲလှပါ။ နိုင်ငံတော် အနေနဲ့ စနစ်တကျ ဘက်ဂျက်ကော ဆွဲထားပြီလား၊ ဥပဒေ ကော လွတ်တော်မှာ တရားဝင် ဖြစ်ပြီလား။ ကလေးဖျက်ချ ရင် ရာဇ၀တ်မှု မြောက်တဲ့ ဥပဒေ ကိုရော ဖျက်သိမ်းပြီလား။ ????

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်