Thursday, January 3, 2013

တစ်နှစ်ကျော်ကြာ ထိုးစစ်ဆင်မှု ရလဒ်

မြန်မာ အစိုးရ အနေနဲ့ ကေအိုင်အေ ကို မတိုက်ပါဘူး၊ ဆိုပြီး ခိုးခိုးတိုက်နေတာ တစ်နှစ်ကြာမှာ တောင်ကုန်းတခုကို လူထောင်နဲ့ ချီ အသက်တွေ စတည်းပြီး ရလိုက်တော့မှ ကေအိုင်အေ ကို တိုက်ကြောင်း တရားဝင် မြ၀တီ မှာ ရေးပါတော့တယ်။

ဒီတောင်ကုန်းကို ကေအိုင်အေ က ဇန်န၀ါရီလ ၂ရက်နေ့ ပြန်သိမ်းလိုက်တယ် ဆိုတာတော့ မရေးထားဘူး။

အစိုးရ အနေနဲ့ အခုထိ ကေအိုင်အေ ကို တရားဝင် တိုက်တယ် ဆိုတာ မကြေငြာသေးဘူး။ လိုင်ဇာကိုလဲ မတိုက်ဘူးလို့ ပြောနေပါပြီ။

တကယ်လို့များ လိုင်ဇာ ကိုလဲ လွယ်လွယ်နဲ့ သိမ်းလို့ ရခဲ့ရင် ဆင်ခြေ တမျိုးပြောပြီး သတင်းလွင့်အုံးမှာပါ။

အမေရိကန် နဲ့ တရုတ် က ဘာဖြစ်လို့ ဒီ စစ်ပွဲအတွက် ငြိမ်နေခဲ့သလဲ ဆိုရင် အမေရိကန် အနေနဲ့က တရုတ် ပိုက်လိုင်း နဲ့ တရုတ်ရဲ့ လုပ်ငန်းများကို အတားအဆီး ဖြစ်စေတဲ့ အတွက် အားပေးတဲ့ သဘော ဖြစ်တယ်။

တရုတ်ကတော့ ကေအိုင်အေ ကို မြန်မြန် မောင်းထုတ်ပြီး လွတ်လွတ်လပ် စီးပွါးရေးလုပ်နိုင်ဖို့ တွန်းအားပေးတဲ့ သဘော ဖြစ်တယ်။

သမ္မတ ဦးသိန်းစိန်ဟာ မြစ်ဆုံ စီမံကိန်းကို သူ့အစိုးရ လက်ထက်မှာ ရပ်ထားမယ် လို့ပဲ ပြောပြီး အပြီးအပိုင် ရပ်လိုက်တယ် လို့ မဆိုလိုပါဘူး။ ဆိုလိုတဲ့ သဘောက ကေအိုင်အေကို သူ့ အစိုးရ လက်ထက် အရင် တိုက်ထုတ်ရမယ်၊ စစ်တိုက်နေတဲ့ကာလ ဘာ စီမံကိန်းမှ လုပ် ဖြစ်မှာ မဟုတ် ဆိုတာ ကြိုတွက်ထားလို့ပါ။

နိုင်ငံတကာမှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်နေပါတယ်။ နိုင်ငံတကာ ရဲ့ ရင်းနှီးမြုပ်နှံမှု ကိုလဲ လုံချင်တာကြောင့် အပစ်ရပ်ဖို့ ကချင်လူ့အဖွဲ့အစည်းက တောင်းဆိုတော့ အတုအယောင် လိုက်လုပ်တယ်.. တကယ်တော့ အစိုးရ မှာ ဘက်ဂျက် တောင် မဆွဲထားဘူး။ အစီအစဉ် မရှိတဲ့ သဘော ဖြစ်ပါတယ်။

နိုင်ငံရေးအရလဲ အမြတ်ရ စေပါတယ်။ ကေအိုင်အေ ကို ခိုးတိုက်လို့ အခုလို တောင်ကုန်း တခု ရလိုက်တော့ မြ၀တီက ၀မ်းပန်းတသာ ကေအိုင်အေ သောင်းကျန်းသူ ဆိုပြီး ၀ါဒဖြန့်... ဘာဖြစ်လို့ တိုက်ရတယ်... ညာဖြစ်လို့ တိုက်ရတယ်... ပေါ့။

ငြိမ်းချမ်းရေး ဆိုတာကြီးကို ဖေါဖေါတီတီ ပြော... သူတို့ အဖွဲ့သားတွေလဲ တနိုင်ငံလုံး ငြိမ်းချမ်းရေး ရတာ ကေအိုင်အေပဲ ဘာဖြစ်လို့ ဆက်တိုက်နေသလဲ ပေါ့....

ဒါက အစိုးရ ရဲ့ အာရုံသွင်းမှု အောင်မြင်တယ် လို့ ဆိုရပါမယ်။

နောက်တခုက

အစိုးရမှာ တခုခု အကြပ်အတည်း ဖြစ်လာတိုင်း ထွက်ပေါက် တခု ရှာလေ့ ရှိတယ်။
တနိုင်ငံလုံး မီးပျက် ဆန္ဒ ပြတဲ့ အချိန် ရခိုင် ပြဿနာ ပေါ်လာတယ်။ အခု လက်ပံတောင်းတောင် ပြဿနာ ပေါ်လာချိန် လေယဉ်နဲ့ ကေအိုင်အေ ကို တိုက်တယ်။ လူတွေရဲ့ အာရုံဟာ တခြားကို ရောက်သွား ပြန်တယ်။

မြန်မာပြည်ဟာ ဒီလိုနဲ့ ဘယ်ဘ၀ထိ သွားအုံးမယ် မသိပါ။

လိုင်ဇာ ကို အင်အား အလုံးအရင်းနဲ့ တိုက်ရင် ရကောင်း ရမှာပါ။ သို့သော်..

မာနေပလော ကို တိုက်နိုင်လို့ ကရင် တော်လှန်ရေး မပြီးသလို။ ပါဂျောင် ကျသွားလို့ ကချင်တော်လှန်ရေး မပြီးခဲ့ပါ။

မာနေပလော မှာ စစ်ခေါင်းဆောင် တွေ သူရ ဘွဲ့ အလီလီ ရသလို ကရင် အရပ်သား အများအပြား သေကြေ ပျက်စီး ခဲ့ရတယ်။ သိန်းနဲ့ ချီတဲ့ ဒုက္ခသည်များ ထိုင်းနိုင်ငံကို ရောက်သွားတယ်။ အခုနောက်ပိုင်း အပစ်ရပ်ရတယ်။ နိုင်ငံရေး နဲ့ စကားပြောရအုံးမှာပါ။

ကေအိုင်အေ ကို တိုက်နေလို့လဲ နောက်ဆုံးတော့ နိုင်ငံရေး စကားမပြောပဲ မပြီးနိုင်ပါ။

အမြစ်ပြတ် ဆိုပြီး တိုက်ဖို့ တိုက်တွန်းနေတဲ့ လူတွေဟာ စစ်ကျွန်မ၀ သေးလို့ပဲလား.. ဒါမှ မဟုတ် အဖြစ်မှန်ကို မသိသေးသူများသာ ဖြစ်ပါလိမ့်မယ်။

လက်ခုပ် ဆိုတာ နှစ်ဖက်တီးမှ မြည်တယ် လို့ ပြောပါတယ်။

ကချင်တွေ မှားခဲ့တာ ရှိရင် ထောက်ပြပါ။ ကချင်တွေဟာ ဗမာ တွေကို မညာခဲ့ဘူး။ ကတိမပျက်ဖူးဘူး။ အောက်မြန်မာပြည်ကို ဒုက္ခ မပေးဖူးဘူး။ မြန်မာ အရပ်သားတွေကို မထိခိုက်ဘူး။ ကချင်တွေက သာ အလိမ်ခံရတာ ဖြစ်တယ်။ ကတိပျက်ခံရတာ ဖြစ်တယ်။ ကချင်တွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်ပျက်စီး ခဲ့ရတာ ဖြစ်တယ်။ ကချင်တွေရဲ့ အသက်ရှင် ရပ်တည်မှု ကို ခြိမ်းခြောက်ခံရတာပဲ ဖြစ်တယ်။ ကချင်တွေရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်သာ ဖျက်စီးခံရတာ ဖြစ်တယ်။ ကချင်တွေတာ အခွင့်အရေး ကျဆုံးနေတာဖြစ်တယ်။

လက်နက်နဲ့ ဖြေရှင်းတဲ့ နည်းဟာ ဘယ်တော့မှ ကောင်းကျိုးရလဒ် မရပါ။

No comments:

Post a Comment

ကချင် နိုင်ငံတော် သီချင်း

မဂျွယ်ရှိန်ရာ ၀န်ပေါင် အစပါ။ မျိုးရိုးစဉ်ဆက် ၀န်ပေါင်မြေ အစစ်ပါ။ ဘိုးဘွားများရဲ့ အမွေ၊ အဖိုးတန်ဓန ပြည့်နေတာ။ ငါတို့ပြည်၊ ငါတို့မြေ ငါတို့ချစ်၊ ငါတို့မြတ်နိုးတယ်။ အဆုံးအစမဲ့ ကာကွယ်၊ ကမ္ဘာ တည် သ၍ တည်စေသတည်း။

AWNG PADANG YEHOWA

ကချင် ခရစ်ယာန်ဘုရားကျောင်းထဲမှ ဆွဲထုတ်ပြီး သတ်လိုက်